How to Boost Broadband Internet Speed with CMD? - Myo Zaw Htet(IT Sharing)
test banner

NEW POST

Tuesday, June 27, 2017

How to Boost Broadband Internet Speed with CMD?

How to Boost Broadband Internet Speed with CMD?
အင်တာနက် speed ပိုမြန်အောင် Windows ရဲ့ command line ကို အသုံးပြုပြီး ဘယ်လို လုပ် မယ် ဆိုတာ ပဲ ဖြစ်ပါတယ်၊ တကယ်တော့ ISP က ပေးတဲ့ အင်တာနက် speed သည် ပိုမြန်လာတာ မျိုး မဟုတ်ပဲ၊ မိမိ ရဲ့  Windows အတွင်း မှာ ပဲ၊ ပိုမို မြန်အောင် ပြုလုပ်ခြင်းမျိုး ဖြစ်ပါတယ်။
(က) ဝင်းဒိုး ရဲ့ command prompt ကို administrator အနေ နဲ့ ဖွင့်ပါ၊ ပြီးလျှင်  netsh int tcp show global လို့ ရိုက်ပြီး၊ Enter ခေါက်ပါ။
(ခ) TCP parameters များ ကို ပြောင်းလည်းရန် ဖြစ်ပါတယ်၊ Notepad ကို ဖွင့်ပြီး၊ အောက်ပါ command များ ကို ရိုက်ပါ။
cd\
netsh int tcp show global
netsh int tcp set global chimney=enabled
netsh int tcp set heuristics disabled
netsh int tcp set global autotuninglevel=normal
netsh int tcp set global congestionprovider=ctcp
(ဂ) ၎င်း ဖိုင် ကို BoostSpeed.bat အမည် ဖြင့် သိမ်းပေးပါ။
(ယ) BoostSpeed.bat ကို admin mode  ဖြင့် run  ပါ။
ထို အခါ Broadband speed သည် 30 ~ 35% ခန့် ပိုမို မြန်ဆန် လာသည် ကို တွေ့ရပေမည်။
ပြန်၍ နဂို အခြေအနေ သို့ ရောက်ရန်၊  Notepad ကို ဖွင့် ၍၊ အောက်ပါ command များ ကို ရိုက်ပါ။
cd\
netsh int tcp show global
netsh int tcp set global chimney=default
netsh int tcp set heuristics enabled
netsh int tcp set global congestionprovider=none
ပြီးနောက် ဖိုင် ကို Reset.bat အမည် ဖြင့် သိမ်းပါ၊ ၎င်းဖိုင် ကို admin mode ဖြင့်   run မည် ဆိုပါက နဂို အခြေအနေ ကို ပြန်ရမည် ဖြစ်သည်။
Source: https://goo.gl/f5PUa3
Credits

No comments:

Post a Comment