ဖုန်းကို အသုံးပြုပြီး၊ အင်တာနက်ဆက် ကြတဲ့ အခါ မှာ ဖုန်း ရဲ့ ဆစ်နယ်ဘား - Myo Zaw Htet(IT Sharing)
test banner

NEW POST

Tuesday, June 27, 2017

ဖုန်းကို အသုံးပြုပြီး၊ အင်တာနက်ဆက် ကြတဲ့ အခါ မှာ ဖုန်း ရဲ့ ဆစ်နယ်ဘား

ဖုန်းကို အသုံးပြုပြီး၊ အင်တာနက်ဆက် ကြတဲ့ အခါ မှာ ဖုန်း ရဲ့ ဆစ်နယ်ဘား (signal bar) မှာ  G, E, 2G, 3G, H နဲ့ 4G ဆိုပြီး ပြတဲ့ သင်္ကေတ လေးတွေကို တွေ့ နေရပါတယ်၊ အဲဒီ သင်္ကေတ လေးများ သည် ဘယ်လို မိုဘိုင်း နက်ဝပ်ခ် အမျိုး အစား ကို ဖေါ်ပြတယ်၊ မြန်နှုန်း ဘယ်လောက်က၊ ဘယ်လောက် အထိ ကိုယ်စား ပြုသလဲ ဆိုတာကို ဖေါ်ပြပေးမှာ ဖြစ်ပါတယ်။
အကယ်၍ G သင်္ကေတ ကို တွေ့ရသည် ဆိုပါက
သူသည် GPRS (General Packet Radio Service) ကို ကိုယ်စားပြုပါတယ်၊ အဲဒါ သည် ကိုယ့်ရဲ့ အင်တာနက် အသုံးပြုမှု ကို မြန်နှုန်း အနိမ့် ဆုံးနဲ့ ဆက်သွယ် နေတယ်လို့ နားလည်ရပါမည်၊ GPRS သည် 2G အမျိုးအစား တွင် ပါဝင်ပြီး၊ မြန်နှုန်း ကတော့ 56 ကနေ  114 Kbps အထိရှိနိုင်ပါတယ်။
အကယ်၍ E သင်္ကေတ ကို တွေ့ရသည် ဆိုပါက
သူသည် EDGE (Enhanced Data Rates for GSM Evolution) ကို ကိုယ်စားပြုပါတယ်၊ သူ့ကို Enhanced GPRS လို့လည်းပြောဆိုကြပါတယ်၊ EDGE ကို 2.5 G ဟု သတ်မှတ်လေ့ ရှိကြပါတယ်၊ EDGE က GPRS ထက်ပိုမြန်ပေမယ့် အင်တာနက် ဆက်သွယ်ရန် အတွက် လုံလောက် တဲ့ မြန်နှုန်း တော့လည်း မဟုတ်ပါဘူး၊  မြန်နှုန်း ကတော့ 400 Kbps ကနေ  1 Mbps အထိရှိနိုင်ပါတယ်။
အကယ်၍ 3G သင်္ကေတ ကို တွေ့ရသည် ဆိုပါက
3G ကတော့ third generation လို့ အဓိပ္ပါယ်ရပါတယ်၊ သူသည် UMTS (universal mobile telecommunications system) ကို အသုံးပြုပြီး၊ GSM စံနှုန်း အပေါ် အခြေခံ ထားပါတယ်၊ မြန်နှုန်း ကတော့ 384 Kbps ကနေ 42 Mbps အထိ ရရှိနိုင်ပါတယ်။
အကယ်၍ H သင်္ကေတ ကို တွေ့ရသည် ဆိုပါက
H သည် HSPA (High Speed Packet Access) ကို ကိုယ်စား ပြုပါတယ်၊ HSPA က basic 3G ထက် ပို မြန်ပါတယ်၊ မြန်နှုန်း ကတော့ 14 Mbps (download)၊ 5.76 Mbps (upload) ဖြစ်ပါတယ်။
High-Speed Downlink Packet Access (HSDPA) ဆိုတာ ကတော့ HSPA ကို ပိုကောင်း အောင် လုပ်ထားတာ ဖြစ်ပါတယ်၊ သူက download speed  ကို 99.3 Mbps  အထိ ရရှိ နိုင်ပါတယ်။
အကယ်၍ H+ သင်္ကေတ ကို တွေ့ရသည် ဆိုပါက
H+ သည် enhanced HSPA လို့ အဓိပ္ပါယ် ရပါတယ်၊ သူသည် HSPA ထက် ပိုမို မြန်ဆန်ပါတယ်၊ ဗီဒီယို ကို ဒေါင်းလုတ် လုပ်နိုင်ပါတယ်။
WCDMA သည်  3G တွင် ပါဝင်ပါတယ်၊ သူသည် Wide-band Code-Division Multiple Access (CDMA) လို့ အဓိပ္ပါယ် ရပါတယ်။
အကယ်၍ 4G သင်္ကေတ ကို တွေ့ရသည် ဆိုပါက
4G သည် fourth generation mobile technology ဖြစ်ပါတယ်၊ သူ့ကို LTE (Long Term Evolution) လို့လည်း ခေါ်ဆိုပါတယ်။
မှတ်ချက်။  ။ အင်တာနက် မြန်နှုန်း အနှေး အမြန် သည် ဖုန်း ၏ ဆစ်ဂနယ် မိ မမိ ပေါ်တွင် လည်း မူတည် နေပါတယ်၊ ဆစ်ဂနယ် ကို ပြတဲ့ အတုံး လေး ၄ တုံး ရှိပြီး၊ ၎င်း အတုံး လေးများ သည်၊ ဖုန်း ၏ ဆစ်ဂနယ် မည်၍ မည်မျှ မိ မမိ ကို ညွှန် ပြနေပါတယ်။
အင်တာနက် ဆက် နေ တဲ့ အခါ မှာ ပြတဲ့ မျှားလေး သည် ဒေတာကို upload/download လုပ်နေတာ ကို ညွှန်ပြ ပါတယ်၊ ရေဒါ လိုမျိုး သင်္ကေတ လေးကတော့ wi-fi နဲ့ ဆက်သွယ် တာ ကို ညွှန်ပြနေပါတယ်။
သက်ဆိုင် သင်္ကေတ များ နဲ့ သူတို့ နဲ့ သက်ဆိုင် တဲ့ နက်ဝပ်ခ် အမျိုးအစား၊ မြန်နှုန်း များ ကို ပုံများ တွင် အသေး စိတ်ဖေါ်ပြထားပါတယ်။
Credits

No comments:

Post a Comment