Wired router ပဲ ဖြစ်ဖြစ် Wi-Fi router ပဲ ဖြစ်ဖြစ် firmware ကို အသုံးပြု ပြုထားကြပါတယ်၊ router မှ မဟုတ်ပါဘူး၊ တခြား Electronic device တွေ မှာ လည်း firmware ကို အသုံးပြုကြပါတယ်၊ ဒါဆို firmware ရဲ့ လုပ်ဆောင်ချက် က ဘာလဲ ဆိုတာ ကို ကြည့်ကြရအောင်ပါ၊ တကယ်တော့ firmware ဆို တာ သက်ဆိုင်ရာ hardware တခု အတွက် အဲဒီ hardware ရဲ့ function တွေ ကို setup လုပ်ရန် (သို့) သုံးစွဲ ရန်၊ ရေးထားသော programm (software) ဖြစ်ပြီး၊ မပျောက်ပျက် စေရန် အတွက် device ၏ ROM ထဲ တွင် ထည့်သွင်းထား သော software တပုဒ်ပင် ဖြစ်ပေသည်။
Device များကို ဝယ်ယူ တဲ့ အခါ၊ manufacture က နေပြီး firmware တွေကို ထည့်သွင်းပေးလိုက် ပါတယ်၊ ပြီးတော့ အခါအားလျှော်စွာ firmware တွေ ကို upgrade လုပ်ပေးပါတယ်၊ device တခု သည် security နဲ့ ပါတ်သက်ပြီး ပြဿ နာ ရှိ နိုင်တဲ့ အခါမျိုး (သို့) ပိုပြီးကောင်းတဲ့ graphical user interface (သို့) ပိုပြီးကောင်းတဲ့ feature တွေ လိုချင် တဲ့ အခါ မျိုး (သို့) stability ကို လိုချင်တဲ့ အခါမျိုး တွေမှာ firmware ကို upgrade လုပ်လေ့ရှိပါတယ်။
တချို့ device တွေဆိုရင် ကိုယ်ဝယ်တဲ့ device ရဲ့ manufacture က ပေးတဲ့ firmware သာ မက ပဲ open source firmware တွေကို ပါ upgrade လုပ်နိုင်သည်ကို တွေ့ရပါတယ်၊ အကယ်၍ open source firmware တခု ကို upgrade လုပ်မည် ဆိုပါက upgrade မလုပ်ခင် မိမိ အသုံးပြုမည့် open source firmware နှင့် device သည် compatible ဖြစ်မဖြစ် ကို သေချာ စမ်းစစ် ဖို့ လိုအပ်ပါတယ်၊ တကယ် လို့ open source firmware ကို support လုပ်တယ် ဆိုရင် manufacture က support လုပ်ကြောင်း ပြောထားပါတယ်။
Router များ နဲ့ သက်ဆိုင် တဲ့ open source firmware တွေရှိပါတယ်၊ သူတို့ တွေက တော့ DD-WRT, OpenWRT, Tomato တို့ ပဲ ဖြစ်ကြပြီး၊ setup, features, performance တို့ ပေါ် မူတည်ပြီး မည်သည့် firmware အသုံးပြုမည် ကို ရွှေးချယ်နိုင်ပေသည်။
အကယ်၍ firmware ကို upgrade လုပ်မယ် ဆိုရင် device ရဲ့ setting တွေ ပျောက် သွားနိုင် တဲ့ အတွက် ကြောင့်၊ setting ကို backup လုပ်သင့်ပါတယ်၊ သင်သည် device ရဲ့ setting ကို မကြာခဏပြောင်းလေ့ရှိတယ် ဆိုရင် တော့ ၁ လ တခါ လောက် setting ကို backup လုပ်သင့်ပါတယ်။
Credits
No comments:
Post a Comment